သွေးကျစေသော အစားအစာများ
15-Nov-2020
သွေးကျစေသော
အစားအစာများ
၁။ ချောကလက်အမည်း
ချောကလက်အမည်းကို သွေးတိုးရောဂါရှိသူများ စားပေးသင့်ပါသည်။ နေ့စဉ်စားပေးပါက သွေးကျစေရန် ကူညီပေးနိုင်မည်။
၂။ အဆီထုတ်ပြီး
နွားနို့
အဆီထုတ်ထားသည့် နွားနို့ထဲတွင် ကယ်လ်စီယမ်နှင့်
ဗီတာမင် D ဓာတ်တို့ ပြည့်ဝစွာပါသည်။ သွေးဖိအားများကို လျှော့ကျစေရန် ကူညီပေးနိုင်သည်။
နောက်ဆက်တွဲ နှလုံးသွေးကြောရောဂါမဖြစ်စေရန် ကာကွယ်ပေးနိုင်သည်။
၃။ ငှက်ပျောသီး
ငှက်ပျောသီးထဲတွင် ပိုတက်စီယမ်ဓာတ် ပြည့်ဝစွာပါသည်။
ဆိုဒီယမ်ဓာတ်လည်း ပါဝင်သောကြောင့် သွေးဖိအားကို ငြိမ်စေနိုင်သည်။ တစ်နေ့တွင် ငှက်ပျောသီးနှစ်လုံး
ပုံမှန်စားပေးပါက သွေးကျစေနိုင်ပါသည်။
၄။ ရှောက်ချိုသီး
ရှောက်ချိုသီးထဲတွင် ပိုတက်စီယမ်ဓာတ် ပြည့်ဝစွာပါဝင်သည်။
ရှောက်ချိုသီးကို မကြာခဏ စားပေးပါက သွေးဖိအားကို တည်ငြိမ်စေနိုင်သည်။ လူ့ခန္ဓာကိုယ်ထဲသို့
လိုအပ်နေသော အာဟာရကို ဖြည့်ဆည်းပေးနိုင်သည်။
၅။ သခွားသီး
သခွားသီးသည် သွေးထဲမှအဆီကို ကျစေနိုင်သည်။
သွေးဖိအားကိုလည်း ကျစေနိုင်သည်။ အထူးသဖြင့် ခန္ဓာကိုယ်ဝပြီး သွေးတိုးရှိသူများ များများစားပေးရန်
သင့်ပါသည်။ သခွားသီးကို စားပေးသည့်အခါ အစိမ်းစားခြင်းကသာ ပို၍ သင့်လျော်ပါသည်။ သခွားသီးဖျော်ရည်၊
သခွားသီးသုပ်တို့လည်း လုပ်စားပေးနိုင်သည်။
၆။ အခွံမာအသီးနှင့်
အစေ့အဆန်
သွေးတိုးရောဂါရှိသူများသည် သီဟိုဋ္ဌ်စေ့၊ သစ်ကြားသီး၊
ဗာဒံစေ့၊ မြေပဲ၊ နေကြာစေ့၊ ရွှေဖရုံသီးစေ့၊ နှမ်းစေ့ တို့ကို စားပေးသင့်သည်။ ထိုအစေ့အဆန်များကို
နေ့စဉ်စားပေးပါက သွေးတိုးရောဂါကို ထိန်းချုပ်ပေးနိုင်သည်။
၇။ ပဲမှ ထုတ်သောအစားအစာများ
သွေးတိုးရောဂါရှိသူများသည် ပဲမှထုတ်သောအစားအစာများကို
စားပေးသင့်သည်။ ပဲမှထုတ်သောအစားအစာများထဲတွင် ပိုတက်ဆီယမ်ဓာတ်ပြည့်ဝစွာပါဝင်သည်။ ထို့ကြောင့်
သွေးဖိအားကိုကျဆင်းစေရန် ကူညီပေးနိုင်သည်။ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်သောကြောင့် သွေးတိုးရောဂါကို
မဖြစ်စေရန် ကာကွယ်ပေးသည်။
၈။ ဖရဲသီး
ဖရဲသီးထဲတွင် အာဟာရဓာတ် (၁၀) မျိုးကျော်ပါသည်။
ဖရဲသီးစားပေးခြင်းဖြင့် သွေးတိုးရောဂါကို ပျောက်ကင်းစေရန် ကုသပေးနိုင်သည်။
၉။ သံပရိုသီး
သံပရိုသီးထဲတွင် ဗီတာမင်စီနှင့် ဗီတာမင်
p ဓာတ်တို့ ပါဝင်သည်။ သံပရိုသီးသည် သွေးကြောများကို သန်မာစေသည်။ သွေးတိုးရောဂါကိုမဖြစ်စေရန်
ကြိုတင်ကာကွယ်နိုင်သည်။ သွေးတိုးရောဂါရှိသူများကို ရောဂါသက်သာစေရန် ကုသပေးနိုင်သည်။
နှလုံးသွေးရောဂါမဖြစ်စေရန် ကုသပေးနိုင်သည်။
၁၀။ သလဲသီး
သလဲသီးထဲတွင် ဆယ်လူလို့စ်ဓာတ်ပြည့်ဝစွာ ပါဝင်သည်။
ခန္ဓာကိုယ်အတွင်းရှိ အစာခြေစနစ်ကို ကောင်းစေနိုင်သည်။ ဝမ်းချုပ်ခြင်းကို တားဆီးပေးနိုင်သည်။
အူမကြီးလမ်းကြောင်းအတွင်းရှိ ပိုးမွှားများကို ဖယ်ရှားပေးနိုင်သည်။ အိုမင်းရင့်ရော်မှုကို
ကာကွယ်ပေးနိုင်သည်။ သွေးတိုးရောဂါကိုလည်း ကောင်းမွန်စေရန် ကုသပေးနိုင်သည်။
၁၁။ လိမ္မော်သီး
လိမ္မော်သီးထဲတွင် ဗီတာမင်စီဓာတ်ပါသည်။ အာဟာရဓာတ်
၁၀ မျိုးပါဝင်ပါသည်။ သွေးတိုးရောဂါကို ကာကွယ်ပေးပြီး သွေးဖိအားကို ထိန်းချုပ်ပေးနိုင်သည်။
၁၂။ ဆီးသီး
ဆီးသီးထဲတွင် ဗီတာမင်စီ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်တို့
ပါဝင်သည်။ ဆီးသီးစားပေးခြင်းဖြင့် သွေးတိုးကို ကျစေနိုင်သည်။ သွေးတိုးရောဂါမဖြစ်ပွားစေရန်
ကုသပေးနိုင်သည်။
Credit : ယမုံအေး
(စမ်းချောင်း)
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
